ပါတယ်။ Dtac ဖုန်းနံပါတ်တစ်ခုဟာ လက်ရှိဘယ်ဖုန်းအမျိုးအစားပေါ်မှာအသုံးပြုနေတယ် ဘယ်ဖုန်းအမျိုးအစားတွေပေါ်မှာ အသုံးပြုခဲ့တယ်ဆိုတာ အကုန်ကြည့်လို့ရပါတယ်။
ဒါတွေကိုဒီ App နဲ့သင်အခမဲ့အသုံးပြုလို့ရပါတယ်။ ကိုယ်ကြည့်ချင်တဲ့သူရဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်လိုက်ရုံနဲ့ လက်ရှိအသုံးပြုနေတဲ့ဖုန်းနဲ့ အသုံးပြုခဲ့တဲ့ဖုန်းတွေကိုအကုန်ကြည့်နိုင်မှာပါ။ အင်တာနက်လိုင်းဖွင့်ထားရဲ့သားနဲ့ လိုင်းတက်မလာတဲ့ဖုန်းတွေ MMS ပေးပို့လို့မရတဲ့ဖုန်းတွေကိုလည်း APN Setting Message လေးပို့ပြီး APN Setting ရယူနိုင်ပါတယ်။ Dtac Operator တစ်ခုပဲရပါမယ် တခြား Operator တွေမရနိုင်ပါ။ ဒီကနေဒေါင်းယူနိုင်ပါသည်။ အသုံးပြုနည်း ========= ဒီ App ကိုအသုံးပြုဖို့မိမိတို့ဖုန်းမှာအင်တာနက်/Wifi တစ်ခုခုချိတ်ဆက်ထားဖို့လိုအပ်ပါတယ်။ Dtac APN + Tracker App ကိုမိမိတို့ရဲ့ဖုန်းထဲကို Install လုပ်လိုက်ပါ။ App ကိုဖွင့်လိုက်တာနဲ့ Enter Phone Number ဆိုတဲ့ကွက်လပ်မှာ ကိုယ်ကြည့်ချင်တဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်ပြီး Submit ကိုနှိပ်လိုက်ပါ။ Enter Code Below ဆိုတဲ့ကွက်လပ်မှာတော့ အောက်မှာသူပြထားတဲ့ Captcha တွေကိုသေချာကြည့်ပါ ကွက်လပ်ထဲမှာရိုက်ထည့်ပေးပြီး Submit ကိုနှိပ်ပေးလိုက်တာနဲ့ ပေါ်လာပါပြီ။ ကိုယ်ရိုက်ထည့်လိုက်တဲ့ဖုန်းနံပါတ်ရဲ့လက်ရှိထည့်သွင်းအသုံးပြုနေတဲ့ဖုန်းကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ တခြားထည့်သွင်းအသုံးပြုခဲ့ဖူးတဲ့ဖုန်းတွေကိုကြည့်ချင်တယ်ဆိုရင်တော့ Chang Phone ကိုနှိပ်ပြီးကြည့်လိုက်ပါတယ်။ တကယ်လို့ APN Setting ပေးပို့ချင်တယ်ဆိုရင်တော့ Confirm ကိုနှိပ်လိုက်ပါ၊။ ပြီးရင် Internet+MMS ကိုနှိပ်လိုက်တာနဲ့အဲ့ဒီဖုန်းနံပါတ်ကို SMS တစ်စောင်ဝင်လာပါလိမ့်မယ်။ ဖွင့်ပြီး Install လုပ်ပေးလိုက်ပါ Password တောင်းခဲ့လျှင့် 1800 လို့ရိုက်ထည့်ပေးပြီး OK နှိပ်ပေးလိုက်ပါ။ ဒါဆိုအဲ့ဒီဖုန်းနဲ့ Internet သုံးလို့ရပါပြီ MMS လည်းပေးပို့လို့ရပါပြီ။