ဒီတစ္ခါ Mocktail အေနနဲ႔ကေတာ့ Cucumber နဲ႔လုပ္ထားတဲ႔ Mocktail ေလးပါ။ Alcohol မပါဝင္ေပမယ့္လို႔လည္း သခြားသီးရဲ႕ ခ်ိဳေမႊးတဲ့ အန႔ံအရသာဟာ သင့္ကို လန္းဆန္းေစမႈနဲ႔ ခ်င္းရဲ႕ ေဆးဖက္ဝင္အာနိသင္ေတြေၾကာင့္ Mocktail ေဖ်ာ္ေသာက္မယ္ဆိုရင္ ျငင္းစရာမရွိတဲ့ Drinks ေလးပါပဲ။ သူငယ္ခ်င္းေတြနဲ႔ အပ်င္းေျပေဖ်ာ္ေသာက္မယ္ဆိုရင္ စိတ္ဝင္စားဖို႔လည္းေကာင္းၿပီး ေသာက္လို႔လည္းေကာင္းတာမို႔ အသင့္ေတာ္ဆံုးပါပဲ။
► လုိအပ္ေသာ ပစၥည္းေတြကေတာ့
♦ Cucumber (သခြားသီး) – 2-3 slices
♦ Ginger (ခ်င္း) – 2 slices
♦ Lime (သံပရာသီး) – 1 pcs
♦ Honey (ပ်ားရည္) – 20 ml
♦ Mojito Syrup – 10 ml
(ဒီ syrup မရွိဘူးဆိုလွ်င္လည္း ပူစီနံရြက္ေလး၊ ငါးရြက္ခန္႔ေခ်ၿပီးထည့္လည္း ရပါသည္၊)
♦ Soda – top up
► ျပဳလုပ္နည္း
ကဲ ဒီ Mocktail ေလးကိုေဖ်ာ္မယ္ဆိုရင္ေတာ့Shaker မလိုပါဘူး။ ျပဳလုပ္ပံုကလည္း လြယ္ကူပါတယ္။ ေရွးဦးစြာ သခြားသီး သံုးစိတ္ခန္႔ကို အခြံမခြာဘဲ အစိတ္ေသးေလးေတြျဖစ္ေအာင္ စိတ္လိုက္ပါ။ ၿပီးလွ်င္ ခ်င္းျပားေလးေတြကိုလည္းအစိ္တ္ေလးေတြျဖစ္ေအာင္ စိတ္လိုက္ပါ။ ထို႔ေနာက္သံပရာသီးတစ္လံုးကို ေရစင္စင္ေဆးၿပီး ရွစ္စိတ္ခန္႔ရေအာင္ ထက္ပိုင္းပိုင္းပါ။ ၿပီးေနာက္ သခြားသီး၊ ခ်င္း၊ သံပရာသီးႏွင့္ ပ်ားရည္တစ္ဇြန္းဝက္ခန္႔တို႔ကို ေဖာ္ျပပါ ဖန္ခြက္ထဲထည့္ကာ Muddler ႏွင့္အနံ႔အရသာသမလာေအာင္ ႀကိတ္ေခ်ပါ။ ၿပီးလွ်င္ အေပၚက ႀကိတ္ခြဲထားေသာ ေရခဲမႈန္ကေလးမ်ား ထည့္ၿပီးလွ်င္ Mojito သို႔မဟုတ္ ပူစီနံရြက္ အနည္းငယ္ကို ႀကိတ္ေခ်ကာထည့္ၿပီးလွ်င္ေနာက္ဆံုးအေနနဲ႔ ေဆာ္ဒါရည္ကို ျပည့္သည္အထိေလာင္းလိုက္ပါက မိတ္ေဆြလုိခ်င္ေသာ Green Island ေလး တစ္ခြက္ရပါၿပီ။ အားလံုးၿပီးလွ်င္ ဇြန္းေလးႏွင့္ အေပၚေအာက္ သမေအာင္ေမႊလိုက္ဖို႔ မေမ႔ပါႏွင့္ဦးေနာ္။
____________
ဒီတစ်ခါ Mocktail အနေနဲ့ကတော့ Cucumber နဲ့လုပ်ထားတဲ့ Mocktail လေးပါ။ Alcohol မပါဝင်ပေမယ့်လို့လည်း သခွားသီးရဲ့ ချိုမွှေးတဲ့ အနံ့အရသာဟာ သင့်ကို လန်းဆန်းစေမှုနဲ့ ချင်းရဲ့ ဆေးဖက်ဝင်အာနိသင်တွေကြောင့် Mocktail ဖျော်သောက်မယ်ဆိုရင် ငြင်းစရာမရှိတဲ့ Drinks လေးပါပဲ။ သူငယ်ချင်းတွေနဲ့ အပျင်းပြေဖျော်သောက်မယ်ဆိုရင် စိတ်ဝင်စားဖို့လည်းကောင်းပြီး သောက်လို့လည်းကောင်းတာမို့ အသင့်တော်ဆုံးပါပဲ။
► လိုအပ်သော ပစ္စည်းတွေကတော့
♦ Cucumber (သခွားသီး) – 2-3 slices
♦ Ginger (ချင်း) – 2 slices
♦ Lime (သံပရာသီး) – 1 pcs
♦ Honey (ပျားရည်) – 20 ml
♦ Mojito Syrup – 10 ml
(ဒီ syrup မရှိဘူးဆိုလျှင်လည်း ပူစီနံရွက်လေး၊ ငါးရွက်ခန့်ချေပြီးထည့်လည်း ရပါသည်၊)
♦ Soda – top up
► ပြုလုပ်နည်း
ကဲ ဒီ Mocktail လေးကိုဖျော်မယ်ဆိုရင်တော့Shaker မလိုပါဘူး။ ပြုလုပ်ပုံကလည်း လွယ်ကူပါတယ်။ ရှေးဦးစွာ သခွားသီး သုံးစိတ်ခန့်ကို အခွံမခွာဘဲ အစိတ်သေးလေးတွေဖြစ်အောင် စိတ်လိုက်ပါ။ ပြီးလျှင် ချင်းပြားလေးတွေကိုလည်းအစိတ်လေးတွေဖြစ်အောင် စိတ်လိုက်ပါ။ ထို့နောက်သံပရာသီးတစ်လုံးကို ရေစင်စင်ဆေးပြီး ရှစ်စိတ်ခန့်ရအောင် ထက်ပိုင်းပိုင်းပါ။ ပြီးနောက် သခွားသီး၊ ချင်း၊ သံပရာသီးနှင့် ပျားရည်တစ်ဇွန်းဝက်ခန့်တို့ကို ဖော်ပြပါ ဖန်ခွက်ထဲထည့်ကာ Muddler နှင့်အနံ့အရသာသမလာအောင် ကြိတ်ချေပါ။ ပြီးလျှင် အပေါ်က ကြိတ်ခွဲထားသော ရေခဲမှုန်ကလေးများ ထည့်ပြီးလျှင် Mojito သို့မဟုတ် ပူစီနံရွက် အနည်းငယ်ကို ကြိတ်ချေကာထည့်ပြီးလျှင်နောက်ဆုံးအနေနဲ့ ဆော်ဒါရည်ကို ပြည့်သည်အထိလောင်းလိုက်ပါက မိတ်ဆွေလိုချင်သော Green Island လေး တစ်ခွက်ရပါပြီ။ အားလုံးပြီးလျှင် ဇွန်းလေးနှင့် အပေါ်အောက် သမအောင်မွှေလိုက်ဖို့ မမေ့ပါနှင့်ဦးနော်။