Green Season Mocktail


ကဲ … ဒီတစ္ခါ Alchohol မႀကိဳက္သူမ်ားအတြက္ကေတာ့အထူးစဥ္းစားထားတဲ့ ေႏြရာသီ Mocktail ေလးပါပဲ။ ကိုယ္နဲ႔အလြယ္တကူ လက္လွမ္းမွီရာပစၥည္းေတြပဲမို႔ လုပ္ရတာလြယ္ကူပါတယ္။ ပါဝင္ပစၥည္းေတြကေတာ့ ေႏြရာသီမွာ ဘယ္ကိုပဲ သြားသြား အလြယ္တကူ ဝယ္လို႔ရႏိုင္မယ့္ ၾကံရည္နဲ႔ပါ။ ေႏြရာသီ ပူျပင္းတဲ့ရာသီဥတုမွာ ဆံုး႐ႈံးသြားတဲ့ Energy ေတြ ကို ျပန္လည္ျဖည့္တင္းဖို႔ အသီးအႏွံေဖ်ာ္ရည္ တစ္ခုကို ေရြးခ်ယ္မယ္ဆိုရင္ေတာ့ Sugar Cane Juice (ၾကံရည္)က ၿပိဳင္ဘက္ ကင္းပါပဲ။ သူ႔ခ်ည္းပဲ ေသာက္လို႔ေကာင္းသလို ခ်ိဳလို႔ ၾကံံ ရည္ခ်ည္းပဲ ေသာက္ရတာမႀကိဳက္ပါဘူးဆိုရင္ေတာ့ ခ်င္း၊ Mint Leaves  ( ပူစီနံရြက္တို႔နဲ႔ ေပါင္းစပ္ေဖ်ာ္ေသာက္ၾကည့္လိုက္ပါ။ ခ်င္းနဲ႔ ပူစီနံံပါဝင္လို႔ ပူရွိန္းပူရွိန္းနဲ႔ က်န္းမာေရးအတြြက္ ေကာင္းမြန္ေသာMocktail ေလးပါပဲ။



ပါဝင္ပစၥည္းမ်ား
    Sugar Cane Juice (ၾကံရည္)    –   240 ml
    Ginger (ခ်င္း)     –   2 – 3 slices
   Mint Leaves (ပူစီနံ)   –   2 – 3 spring
    Lime Juice (သံပုရာရည္)   –    10 ml
ျပဳလုပ္နည္း
          ေရွးဦးစြာ လတ္လတ္ဆတ္ဆတ္ အရည္ညႇစ္ယူထားေသာၾကံရည္ကို Blender တစ္လံုးထဲထည့္ကာ ပါးပါးလွီးထားေသာ ခ်င္း၊ အရြက္ေလးေတြပဲေျခယူထားေသာ ပူစီနံရြက္တို႔ကို အတူေရာထည့္ကာ အရသာပိုေကာင္းေစဖို႔ သံံပုရာရည္ေလး နည္းနည္းထည့္ေပးပါ။ ၿပီးလွ်င္ ေရခဲ နွစ္တံုးေလာက္ထည့္ကာ ႀကိတ္ၿပီးလွ်င္ ဖန္ခြက္ထဲသို႔ေျပာင္းထည့္ကာ အသင့္သံုးေဆာင္ႏိုင္ ပါၿပီ။ ေႏြရာသီေက်ာင္းပိတ္ရက္ အလုပ္ပိတ္ရက္ေတြမွာ ေန႔လယ္ေန႔ခင္း အျပင္းေျပ ေဖ်ာ္ရည္ေဖ်ာ္ေသာက္မယ္ဆိုရင္ က်န္းမာေရးအတြက္လည္းေကာင္းမြန္ေစတဲ့ ေဖ်ာ္ရည္ေလးပဲျဖစ္ပါတယ္။
_________
ကဲ … ဒီတစ်ခါ Alchohol မကြိုက်သူများအတွက်ကတော့အထူးစဉ်းစားထားတဲ့ နွေရာသီ Mocktail လေးပါပဲ။ ကိုယ်နဲ့အလွယ်တကူ လက်လှမ်းမှီရာပစ္စည်းတွေပဲမို့ လုပ်ရတာလွယ်ကူပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ နွေရာသီမှာ ဘယ်ကိုပဲ သွားသွား အလွယ်တကူ ဝယ်လို့ရနိုင်မယ့် ကြံရည်နဲ့ပါ။ နွေရာသီ ပူပြင်းတဲ့ရာသီဥတုမှာ ဆုံးရှုံးသွားတဲ့ Energy တွေ ကို ပြန်လည်ဖြည့်တင်းဖို့ အသီးအနှံဖျော်ရည် တစ်ခုကို ရွေးချယ်မယ်ဆိုရင်တော့ Sugar Cane Juice (ကြံရည်)က ပြိုင်ဘက် ကင်းပါပဲ။ သူ့ချည်းပဲ သောက်လို့ကောင်းသလို ချိုလို့ ကြံံ ရည်ချည်းပဲ သောက်ရတာမကြိုက်ပါဘူးဆိုရင်တော့ ချင်း၊ Mint Leaves  ( ပူစီနံ) ရွက်တို့နဲ့ ပေါင်းစပ်ဖျော်သောက်ကြည့်လိုက်ပါ။ ချင်းနဲ့ ပူစီနံံပါဝင်လို့ ပူရှိန်းပူရှိန်းနဲ့ ကျန်းမာရေးအတွက် ကောင်းမွန်သောMocktail လေးပါပဲ။

ပါဝင်ပစ္စည်းများ
♦    Sugar Cane Juice (ကြံရည်)    –   240 ml
♦    Ginger (ချင်း)     –   2 – 3 slices
♦   Mint Leaves (ပူစီနံ)   –   2 – 3 spring
♦    Lime Juice (သံပုရာရည်)   –    10 ml
ပြုလုပ်နည်း

          ရှေးဦးစွာ လတ်လတ်ဆတ်ဆတ် အရည်ညှစ်ယူထားသောကြံရည်ကို Blender တစ်လုံးထဲထည့်ကာ ပါးပါးလှီးထားသော ချင်း၊ အရွက်လေးတွေပဲခြေယူထားသော ပူစီနံရွက်တို့ကို အတူရောထည့်ကာ အရသာပိုကောင်းစေဖို့ သံံပုရာရည်လေး နည်းနည်းထည့်ပေးပါ။ ပြီးလျှင် ရေခဲ နှစ်တုံးလောက်ထည့်ကာ ကြိတ်ပြီးလျှင် ဖန်ခွက်ထဲသို့ပြောင်းထည့်ကာ အသင့်သုံးဆောင်နိုင် ပါပြီ။ နွေရာသီကျောင်းပိတ်ရက် အလုပ်ပိတ်ရက်တွေမှာ နေ့လယ်နေ့ခင်း အပြင်းပြေ ဖျော်ရည်ဖျော်သောက်မယ်ဆိုရင် ကျန်းမာရေးအတွက်လည်းကောင်းမွန်စေတဲ့ ဖျော်ရည်လေးပဲဖြစ်ပါတယ်။